မြန်မာနိုင်ငံအတွင်း အစောဆုံးပင်လယ်ရေကြောင်းပိုးလမ်းမ ရှာဖွေတွေ့ရှိချက်များ
ပြင်သစ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် “ပင်လယ်ရေကြောင်း ပိုးလမ်းမများသုတေသန စီမံကိန်း” ကို မြန်မာနိုင်ငံ တောင်ဘက်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး မလိဝမ်း နှင့် ဩကြီးဒေသတို့တွင် ၂၀၁၈ ခုနှစ်မှစတင်၍ ပထမဆုံးအကြိမ် တူးဖော်သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။








