“လူတို့၏ တစ်သက်တာအတွင်း အမှားနှင့်အမှန်၊ ကောင်းမှုနှင့် မကောင်းမှုတို့သည် အမြဲတမ်းလွန်ဆွဲ၍ နေကြကုန်သည်။ ယင်းသို့ လွန်ဆွဲခဲ့ရာမှ တစ်နေ့သို့တိုင်သော် လူမျိုးတစ်မျိုး၌ ထိုလမ်းနှစ်သွယ်အနက် ဘယ်လမ်းကို လိုက်ရမည်ဟူသော ပြဿနာကို အပြီးတိုင်ဆုံးဖြတ်ရမည့်အခွင့်နှင့် ကြုံကြိုက်လာတတ်သည်။ ထိုကဲ့သို့ လူမျိုးတစ်မျိုး၏ သေရေးရှင်ရေးကို ဆုံးဖြတ်အံ့သောအခါမျိုးတွင် ထိုအဆုံးအဖြတ်ကိုပေးရန် အာဇာနည်ပုဂ္ဂိုလ်ဟူ၍ ပေါ်ထွန်းလာရသည်။”