ဟုတ်ပါသည်။ ထိုလျားဒူရေထွက်မှ ထွက်သည့်စိမ့်စမ်းရေအား ဖဲလျားကျေးရွာသို့ သွယ်ပေးထားသည်။ ချောင်းကမ်းပါးတစ်လျှောက် ပိုက်များတပ်ဆင်၍ သွယ်တန်းပေးထားသည်။ အိမ်ခြေ ၉၇ လုံး၊ လူဦးရေ ၅၂၅ ဦး၊ ကျွဲ၊ နွားကောင်ရေ ၁၈၀ ခန့်တို့ကို နှစ်ပေါင်း ၂၀ ကာလအထိ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်စေရန် သွယ်တန်းပေးထားပါသည်။