တစ်ဦးချင်း၊ တစ်မိသားစုချင်း၊ တစ်ရပ်ကွက်ချင်း၊ တစ်မြို့နယ်ချင်းစီ တင်းတင်းကျပ်ကျပ် စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်ဆောင်ရွက်မယ်ဆိုရင် ကိုဗစ်ရောဂါကူးစက်မှုကွင်းဆက်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -






