မိတ္ထီလာမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
မိတ္ထီလာမြို့နယ်၌ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-up အမီလိုက်နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ကို ဧပြီ ၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့်အဖွဲ့ လာရောက်ကြည့်ရှု အားပေးခဲ့သည်။