ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့ (UN Women ) ဌာနေကိုယ်စားလှယ်က ခန့်အပ်လွှာပေးအပ်

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့ (UN Women )  ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ Mr. Nicolas Burniat အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 
ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi Baharim တို့သည် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံကြသည်။
EOI ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်
မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးအတွက် EOI (Expression of Interest) ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စု၀န်ကြီး ဦးကျော်တင် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Martin Tlapa အားလက်ခံတွေ့ဆုံ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Martin Tlapa အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Martin Tlapa နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
မန္တလေး တောသင်္ကြန်တွင် နေ့ရောညပါ ရောင်းချခွင့်ပေးမည့် ဆိုင်ခန်း ၂၁၈ ခန်းကို ကျပ်နှစ်သိန်းနှုန်းဖြင့် ဦးရာလူစနစ်ကို ရောင်းချပေးမည်
ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲရောင်းချမည့် တောသင်္ကြန်ဈေးတန်း ဆိုင်ခန်းခနှုန်းထားများကို ငွေကျပ် ၂ သိန်းဖြင့် ရောင်းချကောက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံက သိရသည်။
အင်ဒိုအစိုးရမှ ဆန်စပါးတင်ဒါခေါ်ယူရာတွင် မြန်မာကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်း
အင်ဒိုနီးရှားနိုင်ငံမှ ဆန်စပါးဝယ်ယူရန်အတွက် တင်ဒါခေါ်ယူရာတွင် မြန်မာနိုင်ငံရှိ ဆန်တင်ပို့သည့် ကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။