ကံ့ကော်တစ်ထောင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် နှစ်(၁၀ဝ)ပြည့် သာသနာ့ဗိမာန်တော် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကျင်းပ

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ပေချောင်းကြီးကျေးရွာ ကံ့ကော်တစ်ထောင်ဗုဒ္ဓပူဇနိယပွဲတော်နှင့် နှစ်တစ်ရာပြည့် သာသနာ့ဗိမာန်တော်ကြီး မုခ်ဦးပြာသာဒ်ဖွင့်ပွဲ အခမ်းအနားကို-----
နှစ်ပေါင်း(၁၂၀)ခန့်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်ရန် အလှူငွေ ပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပင်ပျော် ကျေးရွာအုပ်စု၊ လေထိုးကုန်းကျေးရွာရှိ အင်းဝန်းရှေးဟောင်းဘုန်းတော်ကြီးကျောင်း ပြုပြင် ဆောက်လုပ်ရန်အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ယမန်နေ့က အလှူငွေပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့နယ်အတွင်း သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေ ပြည်သူများ အား  သောက်သုံးရေများ ဖြန့်ဝေပေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ထန်းပေါက်ကုန်းကျေးရွာတွင် အဝီစိစက်ရေတွင်း ချို့ယွင်းသွားသဖြင့် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း ...........
ဓမ္မာစရိယနှင့် (၆၁) ကြိမ်မြောက် ပါဠိပထမပြန်စာအောင် ဆုနှင်းသဘင် ကျင်းပ
မုဒုံမြို့နယ် စာအောင်ဆုနှင်းသဘင်ကျင်းပရေးအဖွဲ့က ကြီးမှူးကျင်းပသော အဋ္ဌမအကြိမ်မြောက် ဓမ္မာစရိယနှင့် (၆၁)ကြိမ်မြောက် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင် ဆုချီးမြှင့်ပွဲအခမ်းအနားကို မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်ရှိ က္ကစာသယ သာသနာ့ဗိမာန်တော်ကြီး၌ မတ်လ (၅) ရက်၊ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းများ စဉ်ဆက်မပြတ်ပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကြီး၊ လူရွယ်၊ လူငယ်နှင့် ကလေးများပါ စာအုပ်၊ စာပေ၊ စာစောင်များနှင့် ရင်းနှီးလာစေရေး၊ ............
ကျွန်းလှ၌ အမျိုးသမီးများအလုပ်ကိုင်အခွင့်လမ်းရရှိမည့် ပလပ်စတစ်ခြင်းရက်သင်တန်း ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးများ အလုပ်အကိုင် အခွင့်လမ်းရရှိမည့် ပလပ်စတစ် ခြင်းရက်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝးခန်းမ၌ ကျင်းပခဲ့သည်။
ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်းပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ ကိုယ်ပိုင် ဉာဏ်၊ ကိုယ်ပိုင်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရေကြည်မြို့နယ်ရုံး၊ လူထုအခြေပြု Community Centre ၌ ယနေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။