တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း ကမ်းခြေဈေးဆိုင်များ ခေတ္တပိတ်ထား

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံ စာစစ်ဌာန အရှေ့ကမ်းခြေရှိ ဈေးဆိုင်များ၊ ခေါင်းရွက် အကင်ဆိုင်များသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ယာယီပိတ်ထားကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ခြင်းနှင့် စီမံကိန်း စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ပို့ချမှုကို ယမန်နေ့နံနက်ပိုင်းက မနောသုခ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မူဆယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၁၄၇၆ ဦး ဝင်ရောက်ဖြေဆို
ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်ခရိုင်တွင် ယနေ့နံနက်မှ စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းတွင်းဖြေ၊ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၇၆ ဦး ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် SMUလက်ပန်နှင့် နန်းခလဲကျေးရွာတို့ ထူးချွန် (က)အဆင့် ကျေးရွာအဖြစ် ရွေးချယ်ခံရ၍ အမေရိကန်ဒေါ်လာ ၁၅၀ဝ၀ ထပ်မံရရှိမည်
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ(KOICA) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်သော .....
လက်ပံရွာသစ်ကျေးရွာ၌ သောက်သုံးရေပြတ်လပ်မှုမရှိစေရန် ရေဖြန့်ဝေပေးလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အလယ်ဘိုကျေးရွာအုပ်စု၊ လက်ပံရွာသစ်ကျေးရွာတွင် ကျေးရွာပိုင် စက်ရေတွင်း ပြန်လည်ပြုပြင်နေသောကြောင့် ကျေးရွာနေပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာနက သောက်သုံးရေ ဂါလံ(၉၆၀ဝ) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေး ထိုင်းနိုင်ငံတွင် ကျင်းပ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေးကို
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၏ လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန် ကိုရီးယားသမ္မတနိုင်ငံသံရုံးက အထောက်အကူပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန် ၅ မတ်