မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သရက်ခရိုင် ရဲတပ်ဖွဲ့နယ်မြေအတွင်း အထောက်အထားမဲ့ ခိုးဝင်သူများအား ဖမ်းဆီးရာတွင် ပါဝင်သည့် တပ်ဖွဲ့ဝင် (၆၀)၊ ပူးပါင်းပါဝင် ကူညီပေးခဲ့သည့် ပြည်သူ(၄၆)ဦး၊ စုစုပေါင်း(၁၀၆)ဦးတို့အား ဆုချီးမြှင့်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။