၁၃၀ဝ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သော အာဇာနည် ၁၇ ဦး၏ နှစ် ၈၀ ပြည့် အခမ်းအနား ကျင်းပ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်၊ သူကြွယ်ကုန်း တွင်ရှိသည့် အာဇာနည် ဗိမာန်တွင် ၁၃၀ဝ အရေးတော်ပုံတွင် ကျဆုံးခဲ့သော အာဇာနည် (၁၇) ဦး၏ နှစ် (၈၀) ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့ ပွေးကျစ်-ပွဲခင်းကျေးရွာ ဂျင်းမြေသားအမာခံလမ်း ကိုယ့်အားကိုယ်ကိုးလမ်းဖောက်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ကျေးရွာအုပ်စု ပွေးကျစ်ရွာနှင့် မဲဒီးကျေးရွာအုပ်စု ပွဲခင်းကျေးရွာသွားလမ်း ဂျင်းမြေသားအမာခံလမ်း ဖောက်လုပ်ခြင်း အရှည် ၃ ဒဿမ ၅ မိုင် အကျယ် ၃၅ ပေကို ကိုယ့်အားကိုယ်ကိုးလမ်း ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
မုံရွာမြို့၌ ဂျပန်-မြန်မာ ချစ်ကြည်ရေးကပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ဂျပန်နိုင်ငံ MANJUSHAKA နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေး အကအဖွဲ့တို့ ပူးပေါင်းတင်ဆက်သော ဂျပန်-မြန်မာ ချစ်ကြည်ရေးကပွဲကို ဖေဖော်ဝါရီ ၂၅ ရက် ညနေ (၆)နာရီခွဲက မုံရွာမြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာမြို့၌ အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းခြင်း မြှင့်တင်ရေးဆိုင်ရာ သင်တန်း ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တော်ခန်းမတွင် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းခြင်း မြှင့်တင်ရေးဆိုင်ရာ သင်တန်း(၁/၂၀၁၉) ဖွင့်ပွဲကို ------------
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကျေးရွာအဆင့်ပြည်သူများနှင့် တွေ့ဆုံပြီး စီမံချက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ဝင်းစိန်ကျေးရွာ၊ ဒိုင်းပြကျေးရွာရှိ အမျိုးသမီးရေးရာအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က အဆိုပါ ကျေးရွာများ၌ ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း စောင့်ကြည့်ကြီးကြပ်ရေး မွမ်းမံသင်တန်းဖွင့်
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းအတွက် စောင့်ကြည့်ကြီးကြပ်ရေး မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပသည်။
ဧရာဝတီမြစ် ကမ်းပါးတစ်လျှောက် ကမ်းပါးပြိုခြင်း ကာကွယ်နိုင်ရေး စုပေါင်းသစ်ပင်စိုက်ပျိုး
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကမ်းပါးပြိုခြင်းကာကွယ်နိုင်ရန် ရည်ရွယ်ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီက လက်ဆောင်ယူကျေးရွာအနီး ဧရာဝတီမြစ်ကမ်းပါး တစ်လျှောက် တွင် စုပေါင်းသစ်ပင်စိုက်ပျိုးကြကြောင်း သိရသည်။