အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်ပြိုင်ပွဲတွင် ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများ ပါဝင်ယှဉ်ပြိုင်နိုင်

၂၀၁၉ ခုနှစ် အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်ပြိုင်ပွဲကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန (ACE) တို့က ကြီးမှူး၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၁၂ လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်တပေါင်းလအတွက် သဲပုံစေတီပွဲနှင့်သရဖီပန်းအထူးထုတ်တံဆိပ်ခေါင်းသစ်ရောင်းချပေးမည်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂)လ ရာသီပွဲတော်များနှင့်ပန်းများ အထိမ်းအမှတ် တပေါင်းလအတွက် သဲပုံစေတီပွဲနှင့် သရဖီပန်း ၂၀ဝ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်(၁)မျိုးအား .....
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
ကျောက်ဆည်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမ်းအနားမှူး သင်တန်းဖွင့်
ကျောက်ဆည်မြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီက အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်ခဲ့ရာ-------
"တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ်" မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ "တရားရုံးကဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေး စမ်းသပ်အစီအစဉ်" မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန−၂ (MICC – 2) ၌ ကျင်းပသည်။
သာယာဝတီခရိုင်တွင် ၂၀၁၉ ခုနှစ်တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးလျက်ရှိ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်း ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိရာ ခရိုင်အတွင်းရှိ သာယာဝတီ မြို့နယ်တွင် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၂၁၆၉ ဦး လက်ပံတန်းမြို့နယ်တွင် ၂၈၂၆ ဦး မင်းလှမြို့နယ်တွင် ၁၇၆၂ ဦး ရှိကြောင်း သိရသည်။
မြိုင်ကြီးငူအထူးဒေသတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ဆေးကုသပေးမည်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးပြီး မျက်စိဝေဒနာ ခံစားနေရသည့် ကျေးလက်နေ ပြည်သူများအား မြိုင်ကြီးငူ သီတဂူအာရောဂျဒါနဆေးရုံ၌ မတ်လ ၂ ရက် မှ  ၅ ရက် အထိ အပြင်တိမ်၊ အတွင်းတိမ် မျက်စိဝေဒနာ ခံစားနေရသူများအား သီတဂူမျက်စိအထူးကုဆေးအဖွဲ့ မှ လာရောက်စစ်ဆေးပြီး အခမဲ့ဆေးကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။