ပန်းချီဆရာမ ကက်သလင်းခင်၏ ပထမအကြိမ်ပန်းချီပြပွဲ (Art Exhibition First Solo Show) နှလုံးသားထဲမှ ပန်းပွင့်လေးများ အမည်ရ ပန်းချီပြပွဲဖွင့်လှစ်

ပန်းချီဆရာမ ကက်သလင်းခင် (ခေါ်) ဒေါ်မြင့်မြင့်ဝေ၏ နှလုံးသားထဲမှ ပန်းပွင့်လေးများ အမည်ရ (Flowers in the Heart) (Art Exhibition First Solo Show) တစ်ကိုယ်တော်ပန်းချီပြပွဲ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီခွဲက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၁ လမ်း၊ ၂၇x၂၈ လမ်းကြားရှိ ရွှေနန်းတော်ပန်းချီပြခန်းနှင့် စတူဒီယို (၇)လွှာတွင် ပြပွဲဖွင့်ပွဲကျင်းပသည်။
မြောင်းမြမြို့ မြစ်ဆိပ်နှင့် ကမ်းနားလမ်း သန့်ရှင်းသာယာရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်း၊ အမှိုက်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်
မြောင်းမြမြို့ပေါ် ကမ်းနာလမ်းနှင့် မြစ်ဆိပ်ကမ်းများ သန့်ရှင်းသာယာလှပစေရန်နှင့် အမှိုက်များ စနစ်တကျစွန့်ပစ်တတ်စေရန် ရည်ရွယ်ချက်ဖြင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သတ္တမနေ့ ဥပုသ်အသင်း ဓမ္မတက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ ပညာရေးကောလိပ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊  ပရဟိတလူငယ်များက ဖေဖေါ်ဝါရီ (၂၄)ရက် နံနက်(၇)နာရီက စတင်ကာ မြို့ဆိပ်ကမ်းတစ်လျှောက် အမှိုက်ကောက်ခြင်းနှင့် စည်ပင်သာယာမှ အမှိုက်သိမ်းခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စလင်းမြို့နယ်၌ နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်ပါက တင်ပြတောင်းခံနိုင်
မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွင် တည်ရှိသော မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများ လာမည့်နွေရာသီကာလတွင်  သောက်သုံးရေများ ရှားပါးပြတ်လပ်ပါက တင်ပြတောင်းခံနိုင်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ပွဲကျင်းပ
ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ပွဲကို ဖေဖော်ဝါရီ (၂၄)ရက် နံနက် ၈ နာရီက ချောင်းသာ အုန်းကျွန်ထိပ်ကမ်းခြေမှစတင်၍ စပါးထားတံတားထိပ် ကမ်းခြေထိ ဆောင်ရွက်ခဲ့သည်။
အိမ်မဲမြို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၀ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀) ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဆေးတက္ကသိုလ်(၂)မှ ကျောင်းသားဟောင်း ဆရာဝန်ကြီးများမှ အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ဆေးဝါးကုသပေး
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်ပရဟိတအသင်းနှင့် ဆေးတက္ကသိုလ်(၂)မှ ကျောင်းသားဟောင်း ဆရာဝန်ကြီးများ ပူးပေါင်း၍ အခမဲ့ဆေးဝါးကုသပေးခြင်းကို အမှတ်(၂၉) မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ဖေဖော်ဝါရီ ၂၃ ရက်က လာရောက်ကုသပေးကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် အသိပညာပေးဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ဒေသခံပြည်သူအများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန် အသိပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၃ ရက်က အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်လမ်းတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။