ပေါက်မြို့အိမ်တွင်းမှုကျောင်း၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေးဟောပြော
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် မြို့မရဲစခန်းမှူးတို့ပူးပေါင်း၍ လူမှောင်ခို လူကုန်ကူး တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။





