(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ကျင်းပ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
(၇၂)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် မသန်စွမ်းသူများနှင့် မိသားစုဝင်များ စာပေနှင့် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများကျင်းပ
(၇၂)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများနှင့် မိသားစုဝင်များ၏ စာပေနှင့် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများကို ရန်ကုန်မြောက်ပိုင်းခရိုင် မသန်စွမ်းသူများ  အသင်းအဖွဲ့များစုပေါင်း၍ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်၊ စံပယ်လမ်းရှိ ငြိမ်းအေးချမ်းသာ ဓမ္မာရုံတွင်စည်ကားစွာ ကျင်းပသည်။
တောင်နဝင်းပင်မတမံနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

နေပြည်တော် ၁၂ ဖေဖော်ဝါရီ 

 

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) နှင့် စိမ်းလန်းစိုပြည်ဂါးဒင်းတို့ ပူးပေါင်းကျင်းပသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဈေးပွဲတော်ကျင်းပ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နှစ်စဉ်ကျင်းပ မြဲဖြစ်သော ပြည်ထောင်စုနေ့ ဈေးပွဲတော်ကို ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဂါးဒင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်း ဘုရားပွဲတော် တစ်လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး မော်တင်စွန်း၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိ်ုင်းဝင် ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂၀ ရက်အထိ တစ်လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 
သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ပွားအား ဒလမြို့နယ် အောင်တော်မူဘုရားကျောင်းတိုက်သို့ ပင့်ဆောင်ပူဇော်
သီရိလင်္ကာနိုင်ငံရှိ မြတ်ဗုဒ္ဓလက်ဝဲဘက် စွယ်တော်အစစ်ထံမှ ရင်ငွေ့လှုံပွား မြတ်စွယ်တော်ပွားအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ