ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်    

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြန်မာနိုင်ငံ သစ်တောကျောင်း၊ ပြင်ဦးလွင်မြို့ အခြေခံသစ်တောပညာ၊ အထူး(၃)လသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ တက်ရောက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ သစ်တောဦးစီးဌာနမှ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနသို့ အလှည့်ကျ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။ 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်းများ၌ ကျင်းပသည်။
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပ
၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပသည်။
ဒုတိယသမ္မတဦးမြင့်ဆွေ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား တက်ရောက်
၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပရာ ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
၂၀၁၉ ခုနှစ်၊ (၇၂)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
၂၀၁၉ ခုနှစ်၊ (၇၂)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ အပြေးပြိုင်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ကြီးများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းအပြေးပြိုင်ပွဲကို ယနေ့နံနက်  ၅ နာရီခွဲက ဥပ္ပါတသန္တိဘုရားဝင်းရှေ့၌ ကျင်းပပြုလုပ်သည်။
မန္တလေးမြို့တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန် လိုက်လံစစ်ဆေးမည်
မန္တလေးမြို့တွင်  မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးလောင်မှုဖြစ်စေနိုင်သည့် လျှပ်စစ်ပစ္စည်းများ မီးဖိုများမီးလောင်မှု ဖြစ်စေမည့် ပစ္စည်းများကို ------