စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးနည်းပညာများကို စဉ်ဆက်မပျက် လေ့လာသင်ယူနိုင်ပြီး အရည်အသွေးပြည့်ဝသော သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နှင့် သဘာဝမြေဩဇာ၊ သဘာဝ ပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်းက မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားသို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။