စေတုတ္တရာမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို မြို့နယ်အားကစားကွင်းတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက်၇နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ်၌ လယ်ယာမြေ ဧက ၆၅၀ ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်‌ နေမှု စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရိုးကြီး-ကျားကူး ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်‌နေမှု အခြေအနေများကို ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်းတွင် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။
တာချီလိတ်မြို့၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့်သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက အောင်မြတ်ခန်းမတွင် ကျင်းပခဲ့သည်။
တောင်ငူမြို့၌ (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် (၅:၃၀) နာရီအချိန်က မိုင်ဒါကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ကျင်းပရာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက နိုင်ငံတော်အလံအား အလေးပြုကြသည်။
မိုင်းယောင်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ၊ ပွဲတော်လာပြည်သူများဖြင့်စည်ကားလျက်ရှိ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁