တပ်ကုန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်များ ပြသ
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ သုတရသ စာအုပ်များပြသခြင်းကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။