နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) အပိုင်း(၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်၌ ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁)၊ အပိုင်း(၃) (Diploma in IPSAS ၊ Batch-I ၊ Level-III) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်အသင်း အဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
လျှပ်စစ်ဝန်အားပိုနေသော ဓာတ်အားခွဲရုံမှ လျှပ်စစ်ဝန်အားမျှပေးခြင်းဖြင့် နွေရာသီတွင် လျှပ်စစ်သုံးစွဲမှုအဆင်ပြေစေရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၁၂

ကံမမြို့နယ်မှ တောင်သူများ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၈)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက ပုညိုကျေးရွာအုပ်စုမှ တောင်သူ(၂၉)ဦးတို့၏ စိုက်ဧက (၉၁)ဧကအတွက် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးပြီး မြို့နယ်မန်နေဂျာ ဒေါ်မေလပ်ဝင်းက ဘဏ်အဖွဲ့ဝင်တောင်သူများ လိုက်နာရမည့် စည်းကမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ကျောက်ဆည်မြို့နယ် ကင်းကျေးရွာတွင် စိုက်ပျိုးထားသော မိုးနှောင်းဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မိုးကောင်းသောက် ယာမြေများ အများစုပိုင်ဆိုင်ကြပြီး ပဲအမျိုးမျိုးနှင့် အခြားသီးနှံများကို ရာသီအလိုက် ပြောင်းလဲစိုက်ပျိုးကြကြောင်း၊ မိုးနှောင်းကာလတွင် ဝါသီးနှံများ၊ ဝါနှင့်ပဲစင်းငုံ သီးထပ်သီးညှပ် စိုက်ပျိုးခြင်းများ အဓိကထားစိုက်ပျိုးကြရာ တောင်သူဦးမြင့်လွင် စိုက်ပျိုးထားသော မိုးနှောင်းဝါမျိုး ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။