၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ကျင်းပရာ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဆပ်ကောမတီအဖွဲ့ဝင်များဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အထူးဖိတ်ကြားထားသော လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရေကြီးနစ်မြုပ်ပျက်စီးလယ်မြေများတွင် ဆောင်းဆီထွက်သီးနှံမြေပဲများ ပြန်လည်အစားထိုးစိုက်ပျိုး
ကရင်ပြည်နယ်အတွင်း မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် မိုးစပါးဧက ၃၅၃၉၁ ဧက ရေနစ်မြုပ်ခဲ့ပြီး ၃၁၂၉၆ ဧက ထိခိုက်၍ ၁၄၄၆၁ ဧက ဒုတိယအကြိမ် ထပ်မံပျက်စီးကာ မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသည့် လယ်မြေများတွင် ဆောင်းဆီထွက်သီးနှံမြေပဲများ ပြန်လည်အစားထိုး စိုက်ပျိုးမှုအား နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
လေဖိအားနည်းရပ်ဝန်းအခြေအနေ

ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသည့်  မြန်မာနိုင်ငံသား သုံးဦးအား နွေးထွေးစွာ ပြန်လည်ကြိုဆို
ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ Chiang Rai တွင် လက်ခံ စောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး လူကုန်ကူးခံရသူ အမျိုးသားသုံးဦးတို့အား  မဲဆောက်မြို့၊ တပ်(ခ်)ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံ စောင့်ရှောက်ရေး ဂေဟာသို့ လွှဲပြောင်းပေးအပ်သည်။
အောင်လံမြို့၌ ဆေးဝါးကြီးကြပ်မှုကော်မတီအဖွဲ့သည် မြို့ပေါ်ရှိဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

လှိုင်မြစ်ကူး ရွှေပြည်သာတံတားရေလမ်း ပြောင်းလဲမည်
လှိုင်မြစ်ကူး ရွှေပြည်သာ တံတားရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၃)နှင့် (၄)အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၂)နှင့် (၃)အကြားမှလည်းကောင်း ဖွင့်လှစ်ထားသော်လည်း ယခုအခါ တံတားမြစ်ကြမ်းပြင် မြစ်ရေတိုက်စားမှုကာကွယ် ရေလုပ်ငန်းဆောင်ရွက်မည် ဖြစ်သောကြောင့် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၂)နှင့် (၃)အကြားမှ ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နည်းပညာတက္ကသိုလ်(တောင်ကြီး) ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၂ ရက် နံနက် ၈ နာရီခွဲက အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး) ဝန်ထမ်းများနှင့် တွေ့ဆုံသည်။