မိုင်းဟဲကြိုးပြင်ကာကွယ်တော သတ်မှတ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၇,၀၀၀)ဧကရှိသောနယ်မြေကို “မိုင်းဟဲကြိုးပြင် ကာကွယ်တော”အဖြစ်  ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄  ရက်) မှစ၍ သတ်မှတ်လိုက်သည်။
ကျိုက်လတ်၌ လေဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာ၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လတွင် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇူလိုင် ၂၉ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးဒေသတွင် ကော်ဖီစိုက်ပျိုးသူများ ပိုမိုများပြားလာ

 

သံတောင်ကြီး    ဩဂုတ် ၁

ကလောမြို့ပေါ် ရပ်ကွက်အချို့၌ ရေဝင်ရောက်မှုဖြစ်ပွား
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြက်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ဩဂုတ် ၁ ရက် နံနက်ပိုင်းက ကလောချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရှိ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်အချို့တွင် ရေဝင်ရောက် လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိသဖြင့် တောင်သူများအဆင်ပြေလျက်ရှိ

 

ကျောက်ဆည် ဩဂုတ် ၁

စဉ့်ကိုင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရန် အသိပညာပေးဟောပြော

 

ဒေးဒရဲမြို့၌ ပြည်သူများ သွားလာမှုအဆင်ပြေစေရေး ကွန်ကရစ်လမ်းများ ဆောင်ရွက်ပေးလျက်ရှိ