ကံမမြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဝင်နစ်မြုပ်သည့် အိမ်ထောင်စုများအား ရေကင်းလွတ်ရာသို့ ရွှေ့ပြောင်း
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၌ မြစ်ကမ်းနားအနီးတွင် နေထိုင်ကြသည့် နေအိမ်အတွင်းသို့ ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်းက ဧရာဝတီမြစ်ရေ မြင့်တက်လာ၍ ရေများဝင်ရောက်လာသဖြင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တွင် နေထိုင်သည့် အိမ်ထောင်စု(၈)စု လူဦးရေ ၃၅ ဦးတို့အား ယမန်နေ့ ညနေပိုင်းတွင် ရေကင်းလွတ်ရာ အမှတ်(၂)ရပ်ကွက် တော်ပေါ်ဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။








