၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်းများ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ 


နေပြည်တော်၊ ဇူလိုင် ၁၁ 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပညာသင်ထောက်ပံ့ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ 


နေပြည်တော် ဇူလိုင် ၁၁

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၁၁

YBS ယာဉ်များပေါ်တွင် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများပါ အသိပညာပေးပိုစတာများကပ်၍ ယာဉ်ပေါ်ပါခရီးသည်များအား လက်ကမ်းစာ‌စောင်များဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ခရီးသည်တင် YBS ယာဉ်များပေါ်တွင် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများပါ အသိပညာပေးပိုစတာများကပ်၍ ယာဉ်ပေါ်ပါခရီးသည်များအား လက်ကမ်းစာ‌စောင်များ ဖြန့်ဝေပေးကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း မြစ်ရေကြီးမြင့်မှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်ခဲ့ကာ အဆိုပါဖြစ်စဉ်ကြောင့် ရေဘေးသင့်ပြည်သူများအား ‌ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ကူညီကယ်ဆယ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၁၁ ရက် နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ်အတွင်း ရေဝင်ရောက်ခဲ့မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
တာမွေမြို့နယ်အတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့် နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။