ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပရဟိတစိတ်မွေးကြရန်နှင့် ခေါင်းဆောင်အင်္ဂါရပ်များနှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။




