မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ သားမွေးချောင်း(နွားကူးရိုး) တစ်လျောက် ဘေးဝဲ/ယာရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများ၊ လူနေအိမ်၊ ရပ်ကွက်များနှင့် မင်းဘူး-စကု ကားလမ်းမကြီးတွင် မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေများဖြင့် ချောင်းရိုးတူးဖော်ခြင်း၊ တာဘောင်ဖို့ခြင်းနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန(ဆည်/မြောင်း)မှ သိရသည်။