မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် လောကတက္ကသိုလ်စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်း၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအားတွေ့ဆုံ၊ ကျောက်ကပ်ဆေးကုသမှု ခံယူနေသည့် လူနာများအား တွေ့ဆုံအားပေး
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ သီရီရပ်ကွက်ရှိ လောကတက္ကသိုလ်စာကြည့်တိုက် တည်ဆောက်ထားရှိမှု အခြေအနေများအား ကြည့်ရှုပြီး စာကြည့်တိုက် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။






