မဟာသင်္ကြန်အကြတ်နေ့ ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူများ ယမန်နှစ်ထက် ပိုမိုစည်ကားလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ် အရပ်ရပ် မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိပြီး ချောင်းသာကမ်းခြေတွင် ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက အပန်းဖြေသူများ ယမန်နှစ်ထက် စည်ကားများပြားနေကြောင်း သိရသည်။