ကျောက်ဆည်မြို့နယ်၌ နွေးသီးနှံမျိုးစုံ စိုက်ပျိုးရန် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပေးဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်  ဆည်၊ ကန်၊ တူးမြောင်းများအလိုက် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ် စသည့် စိုက်ပျိုးရေနည်းပညာပေး ရှေ့တန်းစခန်းများ၌ နွေသီးနှံများကို စိုက်ပျိုးလျက်ရှိရာ သင်းတွဲစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ ၉၁၇၉ ဧကလျာထား စိုက်ပျိုးလျက်ရှိပြီး မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာမှ စိုက်ပျိုးရေးများ ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ပန်းတောင်းမြို့နယ်၌ မြန်မာ့သိုင်း သင်တန်းအပါအဝင် နွေရာသီအားကစားသင်တန်း ငါးမျိုး အခမဲ့ဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများ တက်ရောက်လျက်ရှိကြသည်။
ပွင့်ဖြူမြို့နယ်၌ ယနေ့အထိ နွေစပါးစိုက်ဧက ၄၅၁၉ ဧက စိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး နွေစပါးသီးနှံ စိုက်ဧက ၃၁၂၈၇ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကာ ဒေသခံတောင်သူများက နွေစပါးသီးနှံ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မတ်လဆန်းမှ စတင်ပြီး မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံကို အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်းနှင့် ယနေ့အထိ နွေစပါးသီးနှံ စိုက်ဧက ၄၅၁၉ ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ငါးသယ်လှေတစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရှမ်းအမျိုးသမီးငယ် ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တစ်ဖက်သတ်စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအားလေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံသို့ထွက်ခွာ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ