အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဆိုလာအသေးစားဓာတ်အားပေးစနစ် အဓိကအခြေပြု ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်းလျက်ရှိသော ရှေးဟောင်းရေကန်များအတွက်  ပါဝင်လှူဒါန်းနိုင်

နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၅ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့်  ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော် စည်ပင်သာယာ ရေးကော်မတီ အမြဲတမ်းအတွင်းဝန်၊  နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းရေကန်များ ပြန်လည်ဆယ်ယူ တူးဖော်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်‌ဒေသ ရှေးဟောင်းဇုန်များအတွင်းရှိ စေတီပုထိုးများအတွင်း ရေကြီးရေဝပ်မှု လျော့ကျနိုင်စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရှေးဟောင်း ရေကန်များဖြစ်သည့် ဖျောက်ဆိပ်ပင်ကန် (၁၊ ၂၊ ၃) ကန်၊ ဖိုးသူတော်ကန်နှင့် မြောက်တစ်ဝက်ကန် စုစုပေါင်း ငါးကန်ကို ရှေးမူမပျက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန် သတ်မှတ်ချက်များအတိုင်း ပြန်လည်ဆယ်ယူ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မင်းလှမြို့နယ်၌ ရေမှုန်ရေမွှားရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအောက်ရေကို ရေမှုန်ရေမွှား ရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို မတ် ၅ ရက် နံနက်ပိုင်းက ကုန်းကြီးကျေးရွာ ကွင်းအမှတ်(၉၆၃)၊ တောင်သူဦးဝင်းဘို၏ ၃ ဧကစိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။