ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသတွင် (၁၅၃)ကြိမ်မြောက် သမိုင်းဝင်တန်ခိုးကြီး ရွှေမဉ္ဇူရေလယ်ဘုရားပွဲတော်ကို အကျဉ်းချုံးအနေဖြင့် ဆွမ်းတော်ကြီး ကပ်လှူပွဲတော်ကို တပေါင်းလဆန်း ၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်သည်။