ကသာအကျဉ်းထောင်၌ စစ်ဆေးကြားနာဆဲအမှုများအား ပိတ်သိမ်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာအကျဉ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏              ၂၀-၇-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ်- ၁၄၇/၂၀၂၁ အရ အချုပ်သူ အချုပ်သားများ၏ စစ်ဆေးကြားနာဆဲအမှု များအား ပိတ်သိမ်းခြင်းအခမ်းအနားကို ဇူလိုင် ၂၂ ရက် ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် အကျဉ်းသား ၁၁ ဦးအား အမှုပိတ်သိမ်း၍ ပြန်လည်လွှတ်ပေး
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်(၁၄၇/၂၀၂၁)ဖြင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းအမိန့်အရ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်တွင် အကျဉ်းသား ၁၁ ဦးအား အမှုပိတ်သိမ်း၍ ပြန်လည်လွှတ်ပေးခဲ့သည်။ 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
ကောလင်းမြို့တွင် ကိုးဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် ၄၉ ဦး စစ်ဆေးတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ ဈေးရုံဗိုလ်တဲရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ Quarantine Centre တွင် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက Quarantine ဝင်ရောက်နေသူ ၃၂ ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံလုပ်သား နှစ်ဦး၊ လမ်းဦးစီးဌာနမှ လမ်းလုပ်သား ၄၀ နှင့် အချုပ်သား ငါးဦး စုစုပေါင်း ၇၉ ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုးဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံရသူ လူနာသစ် ၄၉ ဦး စစ်ဆေး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့၏ ရွေးကောက်ပွဲရလဒ်များနှင့်စပ်လျဉ်းပြီး သတင်းထုတ်ပြန်ချက်

 

ဗိုင်းရပ်စ်မျိုးကွဲများ ဖြစ်ပေါ်လာသည့်အတွက် ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှုနှင့် သေဆုံးမှုများ မြင့်တက်လာရခြင်းဖြစ်

mdn