ဆီဆိုင်မြို့ ဇဝနာရာမ ပရိယတ္တိစာသင်ကျောင်းတိုက်ကြီးသို့ ဆန်(၄၈၃)အိတ်နှင့် ဆီ၊ ဆားများ ဆက်ကပ်လှူဒါန်း

ကိုဗစ်-၁၉ ကာလအတွင်း သံဃာတော်များ ဆွမ်းကိစ္စ အခက်အခဲမရှိစေရေးနှင့် စိတ်အေးချမ်းသာစွာ သာသနာပြုနိုင်ရေးတို့အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ စေတနာရှင်ပြည်သူများ စုပေါင်းပြီး မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇ၀နာရာမ ပရိယတ္တိ စာသင်ကျောင်းတိုက်ကြီးသို့ ဆန် (၄၈၃) အိတ်နှင့် ဆီ၊ ဆားများ ဆက်ကပ် လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က အဆိုပါစာသင်ကျောင်းတိုက်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။