အောက်ရေပူကျေးရွာတွင် ရေသွင်းရေနုတ်မြောင်း တူးဖော်ထားခြင်းကြောင့် ရေကျနောက်ကျစပါးများ အောင်မြင်ဖြစ်ထွန်း
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အထက် ရေပူကျေးရွာတွင် မိုးစပါးစိုက်တောက်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် လိုအပ်သောရေများ အခက်အခဲမရှိစေရန်နှင့် မိုးစပါးနှင့် ရေကျနောက်ကျစပါးများ အောင်ရေကို လုံလောက်စွာရရှိပြီး စပါးအထွက်နှုန်း ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေသွင်းရေနုတ်မြောင်း တူးဖော်ဆောင်ရွက်ထားမှုကြောင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။








