မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းအများမှ အကြီးအကဲများအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်း ပြောကြားသည်။