သရဖူ(သရဲဆက်) လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သရဲဆက်ကျေးရွာအုပ်စု၊ သရဖူ(သရဲဆက်) လယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အသင်းပိုင်ငွေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း အသင်းသားများ၏စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဆန်နှင့်ဆီ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါအသင်းရုံး၌ ပြုလုပ်ခဲ့သည်။
တီးတိန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ကပ်ထားကြေညာ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဒုတိယအကြိမ် ကပ်ထားကြေညာထားကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေး
မော်လမြိုင်၊ ကျိုက်မရောမြို့နယ်တွင်  မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ  ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နောင်မွန်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား ကျန်းမာရေး ကွင်းဆင်းကုသ
ကချင်ပြည်နယ်၊   ပူတာအိုခရိုင်၊  နောင်မွန်မြို့နယ်ရှိ  ကျေးရွာများသို့   ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီမှစတင်၍  ရပ်ကွက်ကျေးရွာများရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဆေးပေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ခဲ့သည်။
မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ဈေးဆိုင်များတွင် မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ ရောင်းချခြင်းရှိ/မရှိကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းတွင် လူဦးရေ ၁၁ သိန်း နီးပါးရှိလာပြီး မဲရုံပေါင်း ၉၀၀ ကျော်ဖြင့် လျာထားဆောင်ရွက်လျက်ရှိ