ဟိုလောင်းကျေးရွာ၌ လယ်ဧက ၄၀ဝ ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေ ပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မူဆယ်မြို့နယ်၊ ဟိုလောင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်နေမှု အခြေအနေများကို ဖေဖော်ဝါရီ လ ၄ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရ






