ကုလသမဂ္ဂ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်က ကြီးမှူး၍ ယနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ Online မှတစ်ဆင့် ကျင်းပသည့် Extractive Industries, Sustainable Development and the 2030 Agenda in Asia and the Pacific (စကားဝိုင်းဆွေးနွေးပွဲ) သို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးသန်းဇော် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။