သံတောင်ကြီးမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊   နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထေွထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို  ယနေ့ နံနက်ပိုင်းက သံတောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင်  ကပ်ထားကြေညာထားကြောင်း သိရသည်။
ဘားအံပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃)ဦး ယနေ့တွင် ဆေးရုံဆင်းခွင့်ရ
ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ  ၃ ဦး ပြန်လည်ကျန်းမာလာ၍ ယနေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းကြည့်ရှု
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ခြောက်ရွာအကျိုးပြုသည့် ကျေးရွာချင်းဆက် မြေသားလမ်းမှ ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ယနေ့ နံနက် ၉ နာရီခွဲခန့်က လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁-၁၀-၂၀၂၀) ရက်နေ့၊ ညနေ (၅:၃၀)နာရီ

 

ကိုဗစ်-၁၉ ကာလ ရုံးဝန်ထမ်းများစားဝတ်နေရေး အခက်အခဲမဖြစ်စေရန် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မြိတ်ခရိုင်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲ (၅၇၇) ဦးခန့်အပ်ပြီး အထူးရဲသင်တန်းများဖွင့်လှစ်  
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲတပ်ဖွဲ့ဝင် (၅၇၇) ဦးခန့်အပ်ပြီး .....
မန္တလေးမြို့ရှိ သတင်းစာဆရာနှင့် ကာတွန်းဆရာများအား မောင်စိန်ဝင်းနှင့်ညီများ စက်နှင့် စက်ပစ္စည်းရောင်းဝယ်ရေးမှ စားသောက်ဖွယ်များ လှူဒါန်း
ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း မန္တလေးမြို့ရှိ သတင်းစာဆရာနှင့် ကာတွန်း ဆရာများအား မောင်စိန်ဝင်းနှင့်ညီများ စက်နှင့် စက်ပစ္စည်းရောင်းဝယ်ရေးမှ စားသောက်ဖွယ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။