ဒဂုံမြို့နယ်၌ Stay at Home ကာလမလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုကြရန် ပညာပေး ဆောင်ရွက်
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာ(၂၀)ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရောဂါထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် နဝဒေးလမ်းနှင့် ရွှေတိဂုံ ဘုရားလမ်းထောင့်တို့၌ ယာဉ်များအား ရပ်တန့်စေပြီးStay at Homeကာလနေအိမ်ပြင်ပသို့ မလိုအပ်ဘဲ သွားရောက်ခြင်း မပြုကြရန် ပညာပေးခြင်းကို ယနေ့နံနက်၉နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဇော်မင်းလွင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူတို့ ပူးပေါင်းဆောင်ရွက်ကြောင်း သိရ