မြန်မာနိုင်ငံတွင် သမိုင်းဝင်မြို့ဟောင်းများစွာ ရှိနေခြင်းကိုက မြန်မာဆိုသည် ရာဇဝင်သမိုင်း ခိုင်မာခဲ့သော လူမျိုးအဖြစ် ဂုဏ်ယူဖွယ်ပြသနေသလို ဖြစ်နေသည်။ လက်ရှိကာလတွင်လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့ဟောင်းများက နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့သည်။ မန္တလေးမြို့နှင့် အနီးတွင် လက်ရှိ ခန့်ထည်စွာ တည်ရှိနေသော နန်းတော်မြို့ရိုးပြအိုး ကျုံးများနှင့်အတူ လေ့လာစရာ မြို့ဟောင်းများစွာ ရှိနေခဲ့သည်။