တနိုင်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် လီဒိုလမ်းမကြီးပေါ်ရှိ အုတ်ခုံသံကူကွန်ကရစ် တံတားတစ်စင်း ရေတိုက်စား၍ ကျွံကျပျက်စီး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာ ၂၁ ရက်မှစတင်၍ မိုးများအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် နေရာတချို့၌ လမ်းသားပျက်စီးမှုနှင့် လမ်းမကြီးရေကျော်မှုများ ဖြစ်ပွားလျက်ရှိသည်။