အရည်အသွေးမမီသော safeguard များ၊ ဝါယာများကို အသုံးမပြုသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သတိပေး

အရည်အသွေးမမီသော safeguard များ၊ ဝါယာများကို အသုံးမပြုသင့်ကြောင်း မန္တလေးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ သတိပေးထားသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းသို့ အလှူငွေများလှူဒါန်း
ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေစာရင်းသို့ အလှူငွေများလှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနသည် လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်‌ရေးလုပ်ငန်းများ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆက်လက်‌ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် UNICEF (မြန်မာ)၊ SPPRG၊ TDHL၊ World Vision၊   Kinnected Myanmar တို့နှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင်  Virtual Meeting ဖြင့် ကျင်းပသည်။
လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား ပထမသုံးလပတ် လူမှုရေးပင်စင်များ ပေးအပ်
ကယားပြည်နယ်  လွိုင်ကော်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ကြေးခံစားနေရသည့် အဘိုးအဘွားများအား ပုံမှန် လူမှုရေးပင်စင် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေး အပ်ခြင်းကို ဇန်နဝါရီ ၂၂ ရက်  နံနက် ၁၀ နာရီက  လွိုင်ကော်မြို့ နောင်ယား(က)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေး ကျင်းပ
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရေနံချောင်းမြို့နယ် နဂါးကျေးရွာ၌ စတီး/သံဂဟေဆက်နည်း သင်တန်းဆင်းပွဲ ကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု စတီး/သံဂဟေဆက်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက် ပိုင်းက နဂါးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အလုပ်သမားညွှန်ကြားရေးဉီးစီးဌာန၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင် တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်အသုံးပြု၍ ကျင်းပသည်။