ကြီးအုံကြီးဝတမံတွင် ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းအသိပညာပေး

ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများ မီးဘေးသတိမူစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သီဟနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသို့ သွားရောက်ပြီး မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
လေးမျက်နှာမြို့နယ်၌ သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အိုင်သပြု ကျေးရွာအုပ်စု သခင်ဖိုးလှကြီးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆောင်စမ်းကျေးရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး စင်မြင့်ရေစင်တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ဆောင်စမ်းကျေးရွာအုပ်စု ကျောက်ဆောင်စမ်းကျေးရွာ၌ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့်  သောက်သုံးရေဖူလုံစွာရရှိရေး တူးဖော်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလဒုတိယအပတ်က စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရွှေဘို၌ မှတ်ပုံတင်ထားသည့် အလုပ်သမား ၂၀၁၅ ဦးအား  လူမှုဖူလှုံရေးထောက်ပံငွေ ကျပ်သိန်းတစ်ထောင်ကျော် ပေးအပ်နိုင်ခဲ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မှတ်ပုံတင်ထားသည့် အလုပ်သမား(၂၀၁၅)ဦးအား  လူမှုဖူလှုံရေးထောက်ပံငွေ ကျပ်သိန်း(၁)ထောင်ကျော် ပေးအပ်နိုင်ခဲ့ကြောင်း  ရွှေဘိုမြို့နယ်လူမှုဖူလုံရေးရုံးခွဲ မှသိရ
နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများ လှူဒါန်း

နမ္မတူမြို့နယ်၌ မန်ပန်၊ နားန ကျေးရွာကုန်ထုတ်လမ်းနှင့် နမ့်ကန်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများ စစ်ဆေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်(မွမ်းမံ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မန်ပန်၊ နားနကျေးရွာ ကုန်ထုတ်လမ်းနှင့် နမ့်ကန်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများအား ဇန်နဝါရီ ၂၁ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်