အိန္ဒိယမြောက်ဘက်မှ လာရောက်ဆောင်းခိုသည့် ဟိမဝန္တာလင်းတကို ဖမ်းဆီးထိန်းသိမ်း စောင့်ရှောက်ထား
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ မြို့မ(၁)ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဘေးအနီးရှိ ဒေသခံပြည်သူတစ်ဦး၏ နေအိမ်ခြံဝင်းအတွင်း၌ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်က လင်းတငှက်ကြီးတစ်ကောင် ဖမ်းဆီးရမိခဲ့၍ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ...........................................................................
မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၆၇) ဦးကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ...........................................................................................................
ကိုဗစ်-၁၉ အသိပညာပေးပိုစတာ ဖွင့်လှစ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် STOP COVID အဝါရောင်အင်္ကျီ ဝတ်ဆင်ပြီး ဓါတ်ပုံရိုက်ကူး ချီးမြှင့်ပေးပို့သည့် STOP COVID-19 အဝါရောင် အသိပညာပေး Campaign ပိုစတာဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ Tourist Burma အဆောက်အဦရှေ့၌ ပြုလုပ်ခဲ့သည်။
ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများအတွက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်လှူဒါန်း
ကယားပြည်နယ် အစိုးရအဖွဲ့အနေနှင့် ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ လိုအပ်ချက်၊ တင်ပြချက်များအပေါ် အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာ၌ ဘာသာရေးဆိုင်ရာ အဆောက်အဦဆောက်လုပ်ရာတွင် လိုအပ်သော အလှူငွေများအား သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း .......................................................................................
ဦးပိန်တံတားကြီးအနီးက ရှေးဟောင်းသမိုင်း၀င် တောင်မင်းကြီးဘုရားအား ပြင်ဆင်နေ
နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိသည့် အမရပူရ တောင်မင်းကြီးဘုရားကို ကိုဗစ်အလွန်ကာလ ထူးခြားသပ္ပာယ်စွာ ဖူးတွေ့ရန်အတွက် ပြင်ဆင်မှုများပြုလုပ်နေကြောင်း တောင်မင်းကြီး ဘုရားဂေါပကအဖွဲ့က သိရသည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ ပုဂံဒေသရှိ ဘုရားပုထိုးများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ခွင့်ပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားပုထိုးများသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ခွင့်ပြုနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။