စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၇၄ ဒသမ ၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာ အုပ်စု၊ နားသဲကျေးရွာ နားသဲ-ကျောင်းထမ် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းပေါ်ရှိ ကုန်ထုတ်တံတား ဆောင်ရွက်မည့်နေရာအား ဇန်နဝါရီ ၁၂ ရက်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်း၊ ဒုတိယဦးစီးမှူး ဦးစိုင်းမျိုးထက်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးအာကာဖြိုးတို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများဖြင့် ဆောင်ရွက်သွားရန် မှာကြားခဲ့