ရန်ကုန်တိုင်းဒေသကြီးအတွင်း လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်းများသို့ လာရောက်ပြသသည့် လူနာအရေအတွက် လျော့နည်းလာ

ဝန်းသိုမြို့နယ် မန်ကျည်းကုန်းနှင့် တေဇကျေးရွာတို့တွင် သစ္စာပန်းစိုက်ပျိုးသော တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေး
COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားရောက်ရန် စောင့်ဆိုင်း နေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးလျက်ရှိရာ ဇန်နဝါရီ ၅ ရက်တွင် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် (၃၈)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လူမှုဖူလုံရေးစီမံကိန်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပြမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ လူမှုဖူလုံရေးစီမံကိန်း လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပြမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်  အဆိုပါဝန်ကြီးဌာန အစည်းအဝေးခမ်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။