ပေါက်မြို့နယ်၌ ကွန်ကရစ်လမ်းခင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့တွင်  မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရေမြောင်းတူးဖော်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက်အတွင်းရှိ လမ်းသွယ်(၃)လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းရှိ ချောင်းကူးတံတားတစ်စင်းအား ပြန်လည်ပြုပြင်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နှင့် ဘုရားသုံးဆူမြို့တို့အား ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ တံတားတစ်စင်းသည် တန်ပိုယာဉ်များဖြတ်သန်းသွားလာမှုကြောင့် တံတားကြံ့ခိုင်မှု အားနည်းလာသည့်အတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၃၀ ရက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။
ဝန်းသိုမြို့နယ် ဘုံချောင်းကျေးရွာ၌ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိသုံးစွဲနိုင်ပြီ
၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းနိုင်ရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP- National Electrification Plan) အရ မဟာဓာတ်အားလိုင်း ၁၀ မိုင်နှင့်အထက် ကွာဝေးသော ကျေးရွာများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဟာဓာတ်အားလိုင်း မရောက်မီ မီးလင်းနိုင်ရေးအတွက် ..........................................................
တမူးမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းနှစ်လမ်းနှင့် Box Culvert တံတားသုံးစင်း တည်ဆောက်သွားမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်အတွင်းရှိ ကမ္မကြီး၊ တီးတိန်ယံကျေးရွာနှစ်ရွာရှိ လယ်ယာမြေဧက ၁၈၀၀ ကျော်မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍