မာန်အောင်မြို့၌ မြို့မစည်ပင်သာယာစျေးတွင် ဟင်းသီးဟင်းရွက်စျေး ပြန်လည်ရောင်းချ

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ဟင်းသီးဟင်းရွက်စျေးကို မြို့မစည်ပင်သာယာစျေးအတွင်းတွင် ယနေ့နံနက်ပိုင်းကစတင်ကာ ပုံမှန်ပြန်လည်ရောင်းချလျက်ရှိသည်။
ဂန့်ဂေါ၌ မြစ်သာမြစ်ဘေးတွင် ဟင်းသီး ဟင်းရွက်ခင်းများ စိုက်ပျိုး
မြစ်သာမြစ်သည် တောင်ဘက်အရပ်ဒေသမှ မြောက်ဘက်အရပ်ဒေသသို့ ဂန့်ဂေါမြို့နယ်ကို အလျှားလိုက် ဖြတ်သန်းစီးဆင်းပြီး ကျေးရွာများစွာသည်  မြစ်ကမ်းဘေးတွင်ရှိနေရာ ရေနည်းချိန်ဖြစ်သည့် ဆောင်းကာလတွင်
ကျွဲသေကျေးရွာမီးလင်းရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး၍ အိမ်ခြေ  ၇၅  လုံးလျှပ်စစ်မီး စတင်သုံးစွဲခွင့်ရရှိ
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကျွဲသေအုပ်စု ကျွဲသေကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သောကျေးလက်မီးလင်းရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ဖရူဆိုမြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် မြို့မဈေး တို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ထုတ်ဝေသော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။