ရွှေဘိုငါးလုပ်ငန်းစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာပေးရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးအောင်သန်းဦးမှ ရွှေဘိုငါးလုပ်ငန်းစခန်းသို့ ယမန်နေ့ကရောက်ရှိပြီး စခန်းရှိ ဝန်ထမ်းများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ပညာပေး ရှင်းလင်းပြောကြားခဲ့
CERP အစီအစဉ်အရ ထောက်ပံ့ထားသည့် ငါးသားပေါက်များ ကြီးထွားရှင်သန်မှုနှင့် ပွင့်ဖြူငါးလုပ်ငန်းစခန်းအား ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ရွှေသည် မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်း၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသိန်းကိုကိုထွန်း၊ ပွင့်ဖြူငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးဉာဏ်ဝင်းတို့ လိုက်ပါလျှက် ပွင့်ဖြူမြို့နယ်၊ သာဂရကျေးရွာ ငါးမွေးတောင်သူ ဦးသောင်းနှင့် ဦးကုလားတို့၏ ငါးမွေးကန်များသို့ ၃၁.၁၂.၂၀၂၀ရက်နေ့က သွားရောက်ပြီး CERP အစီအစဉ်အရ ထောက်ပံ့ပေးအပ်ခဲ့သည့် ငါးများ၏ကြီးထွားရှင်သန်နှုန်းများကို ကွင်းဆင်း စစ်ဆေးခဲ့ရာ  ငါးမွေးမြူသည့် ကာလ ၄ လ၊ ၁၄ ရက်မှာ ကြီးထွားနှုန်းပျမ်းမျှ ၄ လက်မ မှ ၈ လက်မ ထိ၊ အလေးချိန်ပျမ်းမျှ ၄ ကျပ်သား မှ ၇ ကျပ်သားထိ၊ ရှင်သန်နှုန်း ၆၀% ခန့်ရှိကြောင်း တွေ့ရှိရပြီး တိုင်းဦးစီးဌာနမှူးမှ ငါးမွေးတောင်သူများအား ငါးမွေးမြူရာတွင် တွေ့ရှိရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေး မှာကြားခဲ့
မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ သံဃာတော်အရှင်သူမြတ်များက နှစ်ဦးပရိတ်တရားတော်များကို ဇန်နဝါရီ ၁ ရက်မှစ၍ သုံးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်
မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ သံဃာတော်အရှင်သူမြတ်များက နှစ်ဦးပရိတ်တရားတော်များကို ဇန်နဝါရီ ၁ ရက် ညနေ၃နာရီမှစတင်၍ သုံးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရ
ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် အတွင်းရှိ ဂူနှစ်လုံးဆယ်စု ကျေးရွာအုပ်စုနှင့် အောင်မင်္ဂလာကျေးရွာသို့ ခရီးစဉ်ဒေသအသစ် ဖော်ဆောင်နိုင်ရေး ကွင်းဆင်းလေ့လာကြည့်ရှု
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ နေပြည်တော်ကောင်စီဝင်(၂) ဦးတင်ထွန်းနှင့် တာဝန်ရှိသူများသည် -------
မြန်မာချေးငွေသတင်းအချက်အလက်ဌာနတွင် ခေတ်မီချေးငွေသတင်းအချက်အလက်အစီရင်ခံခြင်းစနစ်  တပ်ဆင်အသုံးပြုနေ
မြန်မာချေးငွေသတင်းအချက်အလက် ဌာနအနေဖြင့် ခေတ်မီချေးငွေ သတင်းအချက်အလက် အစီရင်ခံခြင်းစနစ်ကို တပ်ဆင်အသုံးပြုလျက်ရှိပြီး နိုင်ငံတွင်းချေးငွေရယူမှုကို အရေးပါသည့်နေရာတွင် ပါဝင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာချေးငွေသတင်းအချက်အလက်ဌာန၏ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်သော အွန် လိုင်းသတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်များအရ သိရ
We Love Hlaing မှ လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ  ပုံမှန်ဝင်ငွေမရှိသူများအား စားနပ် ရိက္ခာများ  လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး  ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊အမှတ် (၁၂)ရပ်ကွက်၊ အမှတ် (၁၃)ရပ်ကွက်၊ အမှတ်(၁၅) ရပ်ကွက် များသို့ We Love Yangon ဥက္ကဋ္ဌ ဆရာမ ဒေါ်သန်းမြင့်အောင်၏ စီစဉ်မှုဖြင့် အလှူရှင် Wave Money ကိုယ်စား We Love Yangon (Hlaing)မှ ပုံမှန်ဝင်ငွေမရှိသော  အိမ်ထောင်စု (၅၆) စုကို ဒီဇင်ဘာ  ၃၁  ရက် နံနက်ပိုင်းက အခြေခံစားသောက်ကုန်များ အိမ်တိုင်ရာရောက်ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရ
လေးမျက်နှာမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ --------