စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် သမဝါယမဦးစီး ဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ညှိနှိုင်း၍ ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလအတွင်း ရေထွက်ကုန် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခက်အခဲများအား ကူညီဆောင်ရွက်ပေးနိုင်ရန် ရန်ကုန် တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်အနေဖြင့် မြို့နယ် သမဝါယမအသင်းစုများနှင့် ချိတ်ဆက်၍ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ လှိုင်နှင့် မရမ်းကုန်းမြို့နယ်များရှိ စားသုံးသူ အသင်းသားပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရန် ငါးမြစ်ချင်း ပိဿာချိန် ၅၀ဝ ကို တစ်ပိဿာလျှင် ငွေကျပ် ၂၇၀ဝ နှုန်းဖြင့် No Profit, No Loss ဟူသောသမဝါယမမူအတိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိ